BBC News မြန်မာ
41.9K subscribers
4.8K photos
693 videos
3 files
5.44K links
နောက်ဆုံးရ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းများကို တင်ဆက်ပေးနေသော ဘီဘီစီမြန်မာပိုင်း ​၏ တရားဝင်တယ်လီဂရမ် ချန်နယ် ဖြစ်ပါသည်။

https://www.bbc.com/burmese
Download Telegram
‘အမေရိကန်က ‘Walk for Peace’ ဗုဒ္ဓဘာသာဆရာတော်တွေဟာ ခွေးကလေး အာလောက နဲ့ အတူ ဇွန်လ ၂ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဆရာတော် အရှင်ဘိက္ခု ပညာကာရ ဦးဆောင်တဲ့ ‘Walk for Peace’ ဆရာတော်တွေရဲ့ ဘန်ကောက်ခရီးစဉ်ဟာ ဇွန်လ ၂ ရက်ကနေ ဇွန် ၈ ရက်နေ့အထိ ၇ ရက်ကြာမြင့်မှာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း Walk for Peace ဆရာတော်တွေဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့က ထိုင်းဆရာတော်တွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး ဇွန်လ ၃ ရက် ညနေ ၃ နာရီ မှာတော့ နတ်ရွာစံသွားပြီဖြစ်တဲ့ ထိုင်းဘုရင်မကြီး သီရိခေတ်အတွက် တော်ဝင်နန်းတော်မှာ သွားရောက်ဆုတောင်းပေးကြမှာဖြစ်ပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၃ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c1m2d5702n5t?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
33👍15😁1
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း မြန်မာမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှု မြင့်တက်လာနေချိန် အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယကို သွားတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ရဲ့ခရီးဟာ တရုတ်နဲ့ အိန္ဒိယကြား ဟန်ချက်ထိန်းဖို့ဖြစ်တယ်လို့ အိန္ဒိယ- မြန်မာ နယ်စပ်အရေး ကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ ရာဂျိဗ် ဘတ်တာချာရီယာက သုံးသပ်ပါတယ်။

သူက အိန္ဒိယ- မြန်မာနယ်စပ်အရေးကို နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ရေးသားနေသူဖြစ်ပြီး The Diplomat အပါအဝင် အိန္ဒိယနဲ့ ကမ္ဘာ့သတင်းစာကြီးတွေမှာ သတင်းနဲ့ ဆောင်းပါးတွေ ရေးသားနေသူလည်းဖြစ်ပါတယ်။​

မကြာခင်ကပဲ အာရက္ခတပ်တော်(AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့တွေ့ဆုံ မေးမြန်းခဲ့သူဖြစ်ပါတယ်။​

အိန္ဒိယက နေပြည်တော်ကို ဘာကြောင့်ထိတွေ့ဆက်ဆံနေတာလဲဆိုတာအပြင် သူမြေပြင်အထိသွားရောက်သတင်းယူခဲ့တဲ့ မြန်မာနဲ့ အိန္ဒိယကြား ဖော်ဆောင်နေတဲ့စီမံကိန်းကြီးတွေအရေးတွေကို မစ္စတာ ရာဂျိဗ်က ဘီဘီစီနဲ့ အွန်လိုင်းမေးမြန်းမှုမှာ သုံးသပ်ဆွေးနွေးထားပါတယ်။​

အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c62ep6lk4y7o?at_campaign=ws_telegram မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
10👎10🔥5😁3🤣2🕊1🖕1
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက မနက်ဖြန် ဇွန် ၄ ရက်မှာ တရုတ်သွားဖို့ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သူ့ရဲ့ တရုတ်ခရီးစဉ်ဟာ ဇွန်လ ၄ ရက်ကနေ ၆ ရက်အထိ ၃ ရက်ကြာမှာဖြစ်ပါတယ်။

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်ခရီးစဉ်ဟာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ် အပြီးမှာ ထွက်ပေါ်လာတာပါ။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၃ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c1m2d5702n5t?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
🖕109👎3😁2🤣2💩1
This media is not supported in your browser
VIEW IN TELEGRAM
ဂျပန်ကစက်ရုံမှာ လူတွေကို ဝက်ဝံလိုက်ကိုက်
ဂျပန်နိုင်ငံက ဖူကူရှီးမား သံမဏိစက်ရုံဝင်းထဲမှာ လူတစ်ယောက်ကို ဝက်ဝံကလိုက်ကိုက်နေတာ တွေ့ရမှာပါ။ ဝက်ဝံက အဲဒီက အလုပ်သမားတွေကို လိုက်ကိုက်နေလို့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေရောက်လာပြီး ဝက်ဝံကိုဖမ်းဆီးဖို့လုပ်ပေမဲ့ ဝက်ဝံက ထွက်ပြေးသွားခဲ့ပါတယ်။ ဂျပန်မှာ ဝက်ဝံကိုက်လို့ ဒဏ်ရာရ သေဆုံးရသူတွေ ဦးရေတိုးလာနေပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ဂျပန် #ဝက်ဝံ #တိရစ္ဆာန်
😱215🔥4👎2🕊1
အမေရိကန်ရဲ့ မူဝါဒတွေဟာ ဘယ်နိုင်ငံအတွက်မှ ကြားနေဖြစ်မှာမဟုတ်သလို မြန်မာမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုရှိနေတာကြောင့် လက်တွေ့ဖြေရှင်းတဲ့နေရာမှာ အခက်အခဲရှိနေသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောလာပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၇ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ကြားနာပွဲမှာ အမေရိကန်ရဲ့ အထက်လွှတ်တော်အမတ် မက်ကောနယ်က အမေရိကန်ရဲ့ မြန်မာ့အရေး မူဝါဒဟာ ဘက်မလိုက်ဘဲ ကြားနေဖြစ်နေလားဆိုတဲ့ မေးခွန်းထုတ်မှုကို သူက အခုလို တုံ့ပြန်လိုက်တာပါ။

မြန်မာ့ဒီမိုကရေစီအရေး တစိုက်မတ်မတ်အာရုံစိုက်သူအဖြစ် သိကြတဲ့ ဝါရင့် အထက်လွှတ်တော်အမတ် မစ်ချ် မက်ခ်ကော်နယ်က မြန်မာက တရုတ်လွှမ်းမိုးမှုကို တန်ပြန်ဖို့ အမေရိကန်ရဲ့မူဝါဒကို မေးမြန်းချိန် ဝန်ကြီးက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၄ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c5yx1zj4j91t?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
👍1810🤮4🔥3
နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက သမ္မတရာထူး ယူထားရတဲ့ ဦးမင်းအောင်လှိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာပါတယ်။

မနေ့ ဇွန်လ ၃ ရက်မှာပြန်ရောက်တဲ့ ဦးမင်းအောင်လှိုင်ရဲ့အိန္ဒိယအပြန်ခရီးစဉ်မှာ ဒေါ်ခိုင်ခိုင်စိုးက ပြောရေးဆိုခွင့်ရှိသူအဖြစ် နေပြည်တော်လေဆိပ်မှာ မီဒီယာတွေနဲ့ ပထမဆုံး တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ဦးသိန်းစိန်အစိုးရလက်ထက်ကစလို့ ပြောရေးဆိုခွင့်ရှိသူနေရာတွေကို အမျိုးသားတွေပဲ ဦးဆောင်ခဲ့ရာကနေ အမျိုးသမီးတစ်ဦးကို ပထမဆုံးစတင် ခန့်အပ်လာတာပါ။

ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၄ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c5yx1zj4j91t?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
🤮16😁87👍4💩3👎1🖕1
မကွေးတိုင်း၊ ပေါက်နဲ့မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ရေပြာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ ဇွန်လ ၃ ရက်မှာ တိုက်ခိုက် ထိန်းချုပ်ခဲ့ပြီး ဒီနေ့ ဇွန် ၄ ရက်အထိ နယ်မြေရှင်းလင်းရေးတွေ ဆက်ပြီးလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ရေပြာရွာအနီးက မြန်မာစစ်တပ်ရဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး)တွေ ထိန်းချုပ်ထားတဲ့ ရွာတချို့မှာလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဆက်ရှိနေပါတယ်။

မြိုင်မြို့နယ်ထဲက ဘယ်ရွာတွေ စစ်ကြောင်းထိုးခံနေရလဲ။

ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၄ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c5yx1zj4j91t?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
👍155🔥2
မကွေးတိုင်းထဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂ ပတ်အတွင်းပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေအတွင်း စစ်တပ်က ဗိုလ်မှူး ၁ ဦးနဲ့ ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၈ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်လာပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၄ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c5yx1zj4j91t?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
23👍9🥰6🔥3🥴1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ဒရုန်း ကူဝိတ်လေဆိပ်ကို ထိမှန်
အီရန်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းတစ်စင်း ကူဝိတ်နိုင်ငံတကာလေဆိပ်ကို ထိမှန်လို့ လူတစ်ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရသွားပါတယ်။ ကူဝိတ်အရပ်ဘက်လေကြောင်းညွှန်ကြားရေးမှူးချုပ်ရုံးက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ လေဆိပ်ရဲ့ ခရီးသည်အဆောင်တစ်ခု ထိမှန်ပျက်စီးတာကို တွေ့ရပါတယ်။ ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရကတော့ ဒီလုပ်ရပ်ဟာ အီရန်ရဲ့ ရာဇဝတ်မှုမြောက်တဲ့ ရန်စမှုလို့ ပြောပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သံတမန်ရေးကြိုးပမ်းမှုတွေဟာ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ခံရတယ်လို့ပြောပါတယ်။
အီရန်ဘက်ကတော့ ဒါဟာ သူတို့ရဲ့ ကာရှမ်ကျွန်းကို အမေရိကန်ကတိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ပင်လယ်ကွေ့တွင်းက အမေရိကန်ရဲ့ စစ်စခန်းတွေကို တိုက်ခိုက်မှုလို့ ဆိုပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အီရန် #ကူဝိတ် #အမေရိကန်
🤬14🔥64💔2👎1💩1🕊1
စစ်ရုံးချုပ်ရှိရာ နေပြည်တော်နဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေမှာ တော်လှန်ရေးတပ်တွေရဲ့အသေခံဒရုန်း "ကာမီကာဇေ" အကြောင်းကို လူသိများခဲ့ပေမဲ့ ၂၀၂၆ နှစ်ဝက်အခင်းအကျင်းမှာတော့ စစ်တပ်က ဒီဒရုန်းတွေကို တွင်တွင်ကျယ်ကျယ်သုံးလာနေပါတယ်။

အပြည့်အစုံကို ဖတ်ရှုရန် - https://bbc.in/4e75CDO?at_campaign=ws_telegram
💩108🤬8🔥2