This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့်အသင်းတွေ စရောက်လာ
လာမယ့်အပတ် ဇွန်လ ၁၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ မက္ကဆီကိုသုံးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဖီဖာကမ္ဘာ့ပြိုင်ပွဲဝင်မယ့် အသင်း အသီးသီး မြောက်အမေရိကတိုက်က ပွဲကျင်းပမယ့်နေရာတွေဆီ စပြီးရောက်လာနေကြတာကို တွေ့ရမှာပါ။ •
#ဘီဘီစီမြန်မာပိုင်း #၂၀၂၆ ဖီဖာကမ္ဘာ့ဖလား #အာဂျင်တီးနား #ဘရာဇီး

❤25👍9🔥3
မြို့နယ်ပေါင်း ၆၀ မှာ ကြေညာထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို သက်တမ်းတိုးဖို့အတွက် ဦးမင်းအောင်လှိုင်ကိုယ်စား ဥပဒေရေးရာဝန်ကြီးနဲ့ ရှေ့နေချုပ် ဒေါက်တာသီတာဦးက မနေ့ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းလာပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၅ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c93x3k570ggt?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

🤣21💩8👍7🔥6❤3👎2🖕2
ပုဂံတစ်ဖက်ကမ်းမှာရှိတဲ့ မြစ်ခြေမြို့နဲ့ အနီးပတ်ဝန်းကျင်က ရွာတွေကို စစ်တပ် စစ်ကြောင်းဝင်ပြီး အရပ်သား ၂၀ ဝန်းကျင်အသတ်ခံရတယ်လို့ ပခုက္ကူမြို့နယ် လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ခံက ဘီဘီစီကိုပြောပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၅ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c93x3k570ggt?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၅ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c93x3k570ggt?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
😢20🤬9❤7🤣7👎2
"ကမ္ဘာ့ဖလားကို ကြိုက်ပါတယ်။ စျေးတွေကတော့ တကယ် လွန်လွန်းပါတယ်။ မဖြစ်သင့်တဲ့ စျေးတွေပဲ" လို့ နယူးယော့ခ်မြို့ခံ အသက် ၂၃ နှစ်အရွယ် ရှားလက် ဘာဝေါလ်က ဘီဘီစီကို ပြောပါတယ်။
"ကျွန်မတို့ကို ပယ်ထားသလို ခံစားရပါတယ်။ ကျွန်မတို့မြို့မှာ ပွဲကြီးရှိနေပေမဲ့ အဲ့ဒီမှာ ကျွန်မတို့ မပါရဘူးလို့ ခံစားရသလိုပါပဲ" လို့ သူက ပြောပါတယ်။
ကမ္ဘာ့ဖလားလက်မှတ်စျေးတွေတက်သွားတဲ့ဒဏ်ကို ပရိသတ်တွေ ဘယ်လိုခံနေရလဲ။
အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cy429kd79wjo?at_campaign=ws_telegram မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

BBC News မြန်မာ
ကမ္ဘာ့ဖလားလက်မှတ်စျေးကြီးလွန်းတယ် - လက်မှတ်စျေး ၅ ဆ တက်လာတာကို ဘောလုံးပရိသတ်တွေဘယ်လိုကြုံရလဲ
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် လက်မှတ်မဲစနစ်ရောင်းချတာ ဇန်နဝါရီလကတည်းက ပြီးခဲ့ပါပြီ။ ကွင်း၀င်ခွင့်လက်မှတ်စျေးကြီးလွန်းတာကို ပရိသတ်တွေက ဝေဖန်နေကြတယ်ဆိုပေမဲ့ လက်မှတ်လျှောက်လွာ သန်း ၅၀၀ လောက်ရှိတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပြောပါတယ်။
😱12🔥5❤4👎2👏1🕊1
စည်းကမ်းမဲ့ သတ္တုတူးဖော်မှုတွေကြောင့် အဆိပ်သင့်လာတဲ့ မြန်မာ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်ချောင်းတွေ ကာကွယ်ရေးအတွက် လူထုအသိပေးဖို့ ရည်ရွယ် လမ်းလျှောက်တဲ့ Walk Peace for Rivers အဖွဲ့ဟာ ဒီနေ့မှာ ချင်းရိုင်မြို့ကို ရောက်ပြီဖြစ်ပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၅ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c93x3k570ggt?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၅ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c93x3k570ggt?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
❤22👍7🔥4💩1
စစ်ကိုင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရုံးမှာ ဒီမနက် ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ရှိတယ်လို့ မြို့ခံပရဟိတအသင်းတာဝန်ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဝန်ထမ်း ၃ ဦးနဲ့ လဝကရုံးလာရောက်တဲ့အရပ်သား ၁၇ ဦးဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၅ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c93x3k570ggt?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဝန်ထမ်း ၃ ဦးနဲ့ လဝကရုံးလာရောက်တဲ့အရပ်သား ၁၇ ဦးဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန်လ ၅ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို https://www.bbc.com/burmese/live/c93x3k570ggt?at_campaign=ws_telegram နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
🤣15❤4🔥4👍3👎2🤮1🕊1
"မသွားရဘူးဆိုတာ သေချာသွားတော့ အသက်တောင် မရှင်ချင်လောက်အောင်ပဲ။ နားထောင်နေတဲ့ ဖင်လန်သီချင်းတွေလည်း ဆက်နားမထောင်ချင်တော့ဘူး၊ ဖင်လန်အကြောင်း သတင်းတွေလည်းမဖတ်တော့ဘူး" လို့ ရန်ကုန်မြို့မှာ ပြန်လည်နေထိုင်နေတဲ့ မသူဇာက ရင်ဖွင့်ပြောခဲ့ပါတယ်။
ဖင်လန်မှာ ပညာသင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ အေးဂျင့်ဆိုသူကို ယုံကြည်ပြီး ငွေကြေးပုံအောပေးကာ ဝန်ဆောင်မှု ယူခဲ့ကြတဲ့ မြန်မာကျောင်းသားတွေကတော့ ဒါဟာ အိပ်မက်တစ်ခု ပျက်စီးသွားတာထက် ပိုပါတယ်။
ဖင်လန်မှာပညာသင်လိုတဲ့ မြန်မာကျောင်းသားတွေကို ဖင်လန်သံရုံး၊ နယ်ခြားစောင့်တပ်နဲ့ ကျောင်းတွေဘက်ကရော ဘယ်လိုသတိပေးချက်တွေရှိနေပါသလဲ။
အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/clyp9r8zz8xo?at_campaign=ws_telegram မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဖင်လန်မှာ အဖမ်းခံရတဲ့ မြန်မာပညာရေး အေးဂျင့်ဖြစ်စဉ်နောက်ကွယ်
သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့ မိဘတွေရဲ့ ဆန္ဒ၊ စီးပွားရေးကြပ်တည်းမှုကြောင့် ရုန်းကန်နေရတဲ့ မိဘတွေကို ကူညီလိုတဲ့ သားသမီးတွေရဲ့ ဆန္ဒကို ပညာရေးအေးဂျင့်တွေက ကျွမ်းကျင်စွာသိရှိခဲ့ကြပါတယ်။ ဒါကပဲ မြန်မာကျောင်းသားနဲ့ မိဘတွေဟာ ပညာရေးအေးဂျင့်တွေရဲ့ သားကောင်တွေဖြစ်လာပြီး…
❤11🤮10🔥4💩2👏1🕊1💔1
This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘာ့ဖလားဘောလုံးသမားရုပ်တုတွေဖြိုချပြီး အဝတ်အစားတွေချွတ်
မက္ကဆီကိုမှာ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ရှိနေချိန်မှာပဲ ဆရာတွေဦးဆောင်ပြီး လုပ်ခလစာတိုးပေးဖို့ တောင်းဆိုဆန္ဒပြသူတွေက မက္ကစီကိုစီတီမှာ ထောင်ထားတဲ့ ကမ္ဘာ့ဖလားဘောလုံးသမားတွေရဲ့ ရုပ်တုတွေကို ဖြိုလှဲပြီး အဝတ်တွေချွတ်ပစ်လိုက်ကြပါတယ်။
ဒီလုပ်ရပ်ကို တချို့မြို့ခံတွေနဲ့ ဘောလုံးပွဲကြည့်ဖို့ရောက်နေသူတွေက ပြစ်တင်ရှုတ်ချကြတာလည်း ရှိပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #၂၀၂၆ ကမ္ဘာ့ဖလား #မက္ကဆီကို

❤17👍6😁5🕊3😱1💩1
မြန်မာက တရုတ်စီမံကိန်းတွေတွန်းအားပေးဖို့ ဝမ်ယိပြော
မနေ့က နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံချိန်မှာ တရုတ် - မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိက စီမံကိန်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ တွန်းအားပေးလိုကြောင်း မစ္စတာ ဝမ်ယိက ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ပါတယ်။ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဘက်ကလည်း ဒီလို တွန်းအားပေးဖို့ဆန္ဒရှိပြီး လုပ်ငန်းရှင်တွေကို ကြိုဆိုကြောင်းပြောခဲ့တာလို့ တရုတ်ဘက်က ဖော်ပြပါတယ်။
နေပြည်တော်နဲ့ တရုတ် ဘာတွေဆွေးနွေးကြလဲ။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန် ၆ ရက် သတင်းများ စုစည်းချက်ကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cx2129q185po?at_campaign=ws_telegram ကို နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

👎13💩8❤6🖕6
ပေါက်၊ ကုက္ကိုစုရွာက ပြည်သူ့စစ် အယောက် ၇၀ ကျော်ကို တော်လှန်ရေးတပ်တွေဖမ်းဆီး
ကုက္ကိုစုရွာကိုလက်လွှတ်ခဲ့ရရင် ပေါက်မြို့နယ်ကို အန္တရာယ်ကျစေလိမ့်မယ်လို့ ပေါက်ကိုယ်တော်က ဇွန် ၃ ရက်မှာ ရုပ်သံဗီဒီယိုနဲ့ ထုတ်ပြောခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေသိမ်းလိုက်တဲ့ ရေပြာနဲ့ ကုက္ကိုစုရွာဘာလို့ အရေးကြီးလဲ။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန် ၆ ရက် သတင်းများ စုစည်းချက်ကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cx2129q185po?at_campaign=ws_telegram ကို နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ကုက္ကိုစုရွာကိုလက်လွှတ်ခဲ့ရရင် ပေါက်မြို့နယ်ကို အန္တရာယ်ကျစေလိမ့်မယ်လို့ ပေါက်ကိုယ်တော်က ဇွန် ၃ ရက်မှာ ရုပ်သံဗီဒီယိုနဲ့ ထုတ်ပြောခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေသိမ်းလိုက်တဲ့ ရေပြာနဲ့ ကုက္ကိုစုရွာဘာလို့ အရေးကြီးလဲ။
ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန် ၆ ရက် သတင်းများ စုစည်းချက်ကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cx2129q185po?at_campaign=ws_telegram ကို နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
👏19👍14❤4💩3🤣3👎2🔥2🥰1
ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ ငါးပုံတစ်ပုံကျော်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ပိုပြီးမည်းနက်လာတယ်လို့ ဗြိတိန်မှာရှိတဲ့ ပလင်းမတ်သ် တက္ကသိုလ်ရဲ့ သုတေသနက ဖော်ပြပါတယ်။
ဒါက သက်ရှိတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေနိုင်သလဲ။
အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c771mvm1g13o?at_campaign=ws_telegram
မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

သမုဒ္ဒရာတွေ ပိုမည်းနက်လာတာကို လူသားတွေစိုးရိမ်သင့်ပြီလား
သမုဒ္ဒရာတွေရဲ့ ငါးပုံတစ်ပုံက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ပိုပြီး မည်းနက်လာပါတယ်။ ဘာကြောင့်လဲ။ ဒါက ကမ္ဘာကြီးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲ။
🔥10👍8❤3
SCEF က မြန်မာ/ ထိုင်းအခြေစိုက် သံတမန်တချို့နဲ့ ဘန်ကောက်မှာတွေ့ဆုံ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က ထိုင်းနဲ့မြန်မာအခြေစိုက် နိုင်ငံတကာသံရုံးတချို့က သံတမန်တချို့နဲ့ ဇွန် ၅ ရက်က ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ အဖွဲ့ဝင်တချို့ဆီက သိရပါတယ်။
အဲဒီအစည်းအဝေးကို နိုင်ငံပေါင်း ၂၉ နိုင်ငံက သံတမန်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့ တက်ရောက်ခဲ့ကြပြီး ဘယ်နိုင်ငံတွေပါဝင်တက်ရောက်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။
SCEF ဆိုတာဘာလဲ ... ဒီသတင်းအပြည့်အစုံနဲ့အတူ ဇွန် ၆ ရက် သတင်းများ စုစည်းချက်ကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cx2129q185po?at_campaign=ws_telegram ကို နှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ပုံစာ - SCEF ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါခရီးစဥ် (ပုံဟောင်း)

❤16👍7😁3🔥2🥰1
Media is too big
VIEW IN TELEGRAM
ဧဝရက်တောင်ပေါ်မှာ ခြောက်ရက်ကြာပျောက်နေပြီး အသက်ရှင်ခဲ့သူ
နီပေါတောင်တက်လမ်းပြတစ်ယောက်ဟာ အဖွဲ့နဲ့ကွဲသွားပြီး ဧဝရက်တောင်ပေါ်မှာ ခြောက်ရက်ကြာမှ အသက်ရှင်လျက်ပြန်တွေ့ခဲ့ပါတယ်။ စားစရာမရှိ၊ သောက်ရေမရှိ၊ အောက်ဆီဂျင်မရှိနဲ့ အဲဒီလို အခြေအနေမှာ အသက်ရှင်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဒါဝါရှာပါဟာ နှင်းကိုက်ဒဏ်၊ အအေးဒဏ်၊ ကိုယ်တွင်းရေခန်းတဲ့ဒဏ်တွေခံစားခဲ့ရပေမဲ့ ခုတော့ သက်သာလာပါပြီ။ ဒီနှစ်တောင်တက်ရာသီမှာ ဧဝရက်တောင်ပေါ်မှာ လူငါးဦးအသက်ဆုံးခဲ့ပါပြီ၊ ဒါပေမဲ့ လူ ၁၀၀၀ ကျော်လည်း တောင်ထိပ်အထိ တက်နိုင်ခဲ့တာမို့ လူအများဆုံးတောင်ထိပ်ရောက်တဲ့ ရာသီအဖြစ်မှတ်တမ်းတင်ထားပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ဧဝရက်တောင် #နီပေါ #သဘာဝဘေး

❤24👍12🥴2
စစ်ဘက်အရပ်ဘက်နှစ်ခုလုံးမှာရှိတဲ့ ထောက်လှမ်းရေးယန္တရားတွေကို စုစည်းထားတဲ့ အမျိုးသားလုံခြုံရေးအဖွဲ့ (National Security Bureau- NSB) ကို အသွင်ပြောင်းအစိုးရလက်ထက်မှာ ပြန်ဖွဲ့လိုက်ပြီး ဦးမင်းအောင်လှိုင် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်လာပါတယ်။
ဒါပေမဲ့ NSB နဲ့ ပတ်သက်တဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ ထောက်လှမ်းရေးဆိုတဲ့စကားလုံးကို တစ်လုံးတစ်လေမှ တွေ့ရမှာမဟုတ်ပါဘူး။
ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်က ထောက်လှမ်းရေးကွန်ရက်တွေရဲ့ ပေါင်းစပ်မှုမျိုးကို NSB မှာ ဘယ်လိုပြန်ယူထားပါသလဲ။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c33ynnnmxddo?at_campaign=ws_telegram မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

အမျိုးသားလုံခြုံရေးဗျူရို ဘာလဲ၊ ဘယ်လဲ

💩7🔥6🥴3🖕3❤1👎1😭1